Get access to terabytes of porn in Telegram »

ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြ | နိုင်ငံခြား စာတန်းထိုး ဂျပန် ကိုရီးယား

ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးက

နေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါ

တယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ သူကိုယ်တိုင်လည်း ဘရုစ်လို ဝင်းချွန်းသိုင်း ကျင့်ထားတဲ့ သိုင်းသမားပါပဲ။