2025-10-01 18:40:04
လေးစားလျှက်ပါ တပ်မတော်
====================
မှတ်မှတ်ရရ
စက်တင်ဘာ (၁၇)ရက်နေ့က
ရှမ်းမြောက်ကညီငယ်တစ်ယောက်
Messenger ကနေ ကျောက်မဲ အခြေအနေ
ဘယ်လိုရှိလဲ ဆိုပြီး လာမေးတော့
လကုန်အပြီးသိမ်းမယ်လို့ ပြောခဲ့တယ်။
အခု လလည်းကုန်ပြီ
ကျောက်မဲကိုတပ်မတော်ကလည်း ပြန်ယူပြီးသွားပြီ။
(1027)ဖြစ်ပြီးနောက်ပိုင်း
ရှမ်းမြောက် (၁၉)မြို့နယ်ထဲက
နောင်ချို၊ကျောက်မဲ၊သီပေါ၊နမ္မတူ၊နမ့်ဆန်၊မန်တုံ
ကွတ်ခိုင်၊နမ့်ခမ်း၊မိုးမိတ် (၉)မြို့နယ်က
TNLA ထိန်းချုပ်မှုအောက်ရောက်သွားတယ်
နမ့်ဆန် နဲ့ မန်တုံက နဂိုကတည်းက
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးထားတာ
နောင်ချို ပြန်ယူပြီးပြီ
အခု ကျောက်မဲပြန်ယူ လိုက်ပြီဆိုတော့
ပြန်ယူဖို့ (၇)မြို့ကျန်သေးတယ်
ကျန်တဲ့မြို့တွေ တဖြည်းဖြည်းပြန်ယူသွားမှာပါ
အချိန်တော့ ပေးရဦးမှာပေါ့လေ။
ကျန်တဲ့ (၇)မြို့ထဲမှာ စိတ်ပူမိတာက နမ္မတူမြို့ကို
ဘာလို့စိတ်ပူမိတာလည်းဆိုတော့ TNLAက
နမ္မတူ ကို သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့အထဲ
ဆွဲထည့်ချင်နေတယ်ဆိုတဲ့အသံ ကြားနေရတာ
နှစ်ပေါင်း(၁၀)နှစ်မကတော့ဘူး။
TNLA က သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ထဲ
ဘာကြောင့်ဆွဲထည့်ချင်နေရတာလည်းဆိုတော့
နမ္မတူမြို့နယ်ထဲက ဘော်တွင်းကျေးရွာမှာ
ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးသတ္တုမိုင်းကြီးရှိတယ်
နမ္မတူမှာက သတ္တုသန့်စင်စက်ရုံရှိတယ်။
ဟိုးအရင်က
ဘော်တွင်းမှာရှိတဲ့သတ္တုမိုင်းကထွက်လာတဲ့
သတ္တုရိုင်းတွေကို ရထားနဲ့သယ်လာပြီးနမ္မတူ
သတ္တုသန့်စင် စက်ရုံမှာကျိုချက်သန့်စင်တယ်
အခုတော့ သတ္တုသန့်စင်စက်ရုံလည်းဟောင်းလောင်း သတ္တုမိုင်းတွင်းကြီးလည်းသဲ့သဲ့
သတ္တုမိုင်းလုပ်သားတွေလည်း ယဲ့ယဲ့။
သဘာဝသယံဇာတရှိနေတော့ TNLAက
နမ္မတူကို သူတို့လက်အောက်ထဲ ဆွဲထည့်ချင်နေခဲ့တာ
နမ္မတူကို ပြန်မပေးဘူးဆိုရင် ဆိုတဲ့အတွေးဝင်ပြီး
နမ္မတူကို စိတ်ပူမိတယ်လို့ပြောမိတာပါ။
ရှမ်းမြောက်သားတစ်ယောက်အနေနဲ့
နောင်ချိုအတွက်လည်း ဝမ်းသာခဲ့ရတယ်။
အခုကျောက်မဲအတွက်လည်း ဝမ်းသာရပြန်ပြီ။
နောက်ထပ်ကျန်နေတဲ့ မြို့တွေအတွက်လည်း
အမြန်ဝမ်းသာချင်ပါတယ်။
တပ်မတော်ဆိုတဲ့အဖွဲ့အစည်းကြီးနဲ့
အသက်ပေးဖို့ဝန်မလေးတဲ့တပ်မတော်သားတွေကိုလည်း လေးစားဂုဏ်ယူပါတယ်။
ကျန်တဲ့မြို့တွေက ပြည်သူတွေကလည်း
သူတို့မြို့တွေကို တပ်မတော်ဘယ်တော့ပြန်သိမ်းမှာလည်း မြန်မြန်ပြန်သိမ်းပေးဖို့ မျှော်လင့်နေကြပါတယ်။
ပြည်သူတွေရဲ့ရှေ့မှာတပ်မတော်ရှိသလို
တပ်မတော်ရဲ့နောက်မှာလည်းတပ်မတော်ကိုချစ်တဲ့
ပြည်သူတွေရှိနေပါတယ်။
တပ်မတော်သားတွေလည်း
ဘေးကင်းအောင်မြင်ကြပါစေ။
ရှမ်းမြောက်လည်း အမြန်ငြိမ်းချမ်းပါစေ။
ပြည်သူတွေလည်း ပီတိဖုံးလွှမ်းပြီး
အိမ်အပြန်လမ်း အမြန်လျှောက်လှမ်းနိုင်ကြပါစေလို့
ဆန္ဒပြုဆုတောင်းရင်း။
742 views15:40