Death Note Anime (2006)
အပိုင်း 1 မှ 37 ( ဇာတ်သိမ်းပိုင်း)
Channel Link
https://t.me/+3NswNk10i1QzODQ1
၂၀၀၀ ခုနှစ်ကျော် ငယ်ဘဝတွေထဲမှာ Death Note ဆိုတဲ့ ဂျပန်လူကားတွေ က အတော်လွှမ်းမိုးမှုရှိခဲ့တယ် ဆိုရမယ်။ အကျီတွေ အိတ်တွေအပြင် Kira တို့ L တို့ဆိုပြီး သူ့ Font design လေးနဲ့သူ KTV တွေတောင် ရှိခဲ့ကြသေးတာ ကိုး။ စာအုပ်ထဲ လူပုံကို မှန်းဆပြီး နာမည်ရေးတာနဲ့ လူသတ်လို့ ရတာမျိုး၊ ဆန်းကြယ်တာတွေ ပန်းသီးကြိုက်တဲ့ သေမင်းပါတာတွေ၊ အချိုသိပ်ကြိုက် ပြီး သူများနဲ့မတူ ထူးခြားတဲ့ ခါးကိုင်းစုံထောက် L ရဲ့ အထာတွေ၊ ကမ္ဘာသစ် ထူထောင်မယ်ဆိုပြီး God complex ဖြစ်နေတဲ့ Light နဲ့ L ကြားက အားပြိုင် မှုတွေက တော်တော်ကို စိတ်ဝင်စားစရာကောင်းပြီး ကြည့်မိသူတိုင်း ကြိုက်ခဲ့ ရတာပေါ့။ ဒါပေမဲ့ ဒီ အောင်မြင်တဲ့ Live-Action လူကားတောင်မှ Manga အတိုင်း ရိုက်ထားတာမဟုတ်ဘူးနော် အဲဒါက ဇာတ်လမ်းတွေ Ending တွေ ပြောင်းလဲရိုက်ကူးထားတာမျိုး ရှိတယ်ဆိုတော့ Manga အတိုင်း ထပ်တူ နီးပါး ရိုက်ကူးထားတဲ့ Anime version ဆို ဘယ်လောက်မိုက်နေမလဲ စဉ်းစားသာကြည့်ကြပေတော့။ တကယ့်ဇာတ်လမ်းထဲမှာ Light ဆိုတာ ဘယ်လောက်ထိသွေးအေးပြီး ဉာဏ်များတာတွေ လူတွေကို ဘယ်လို Manipulate လုပ် ကြိုးကိုင်တာတွေတို့ တစ်ဖက်ကလည်း L က ဘယ်လို တန်ပြန်တိုက်ခိုက်မလဲဆိုတာတွေက ပိုလို့တောင် ဇာတ်ကို ကြွလာစေသေး တယ်။ ကြားထဲက Supporting character တွေကလည်း အမိုက်။ ၃၇ ပိုင်း မို့ အကြာကြီး ကြည့်ရမယ် မထင်လေနဲ့ ဇာတ်လမ်းက ကြားထဲ နားချိန်တောင် မပေးပဲ Plot twist အလန်းစားတွေနဲ့ ဆွဲဆွဲခေါ်သွားတာက အသက်ဗျာ...။
ဒီတော့ အရင်တုန်းက လူကားကို မကြည့်ဖူးတဲ့သူတွေအတွက် ဇာတ်လမ်း အကျဉ်း ပြောရမယ်ဆို သေမင်းကမ္ဘာမှာ အားယားပြီး ပျင်းနေတဲ့ Ryuk ဆို တဲ့ သေမင်းက သူ့ Death Note စာအုပ်ကို လူ့ကမ္ဘာထဲ ချပေးလိုက်လေရော။ ဒီစာအုပ်ကို ရသွားတာက ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ Light ဆိုတဲ့ ကျောင်းသားတစ်ယောက်။ စာအုပ်ထဲမှာရေးထားတာက လူနာမည် ချရေး လိုက်ရုံနဲ့ အပြင်ကလူ တကယ်မာလကီးယားသွားတာမျိုးဆိုတော့ တကယ် မဟုတ်လောက်ပါဘူးဆိုပြီး စမ်းကြည့်ရာကနေ တကယ်အစစ်ကြီးဖြစ်နေလို့ Light ကနေ ကမ္ဘာကြီးကို သန့်စင်သွားအောင်ဆိုပြီး Kira နာမည်လွှဲနဲ့ ရာဇဝတ်သားတွေကို စသတ်ပါလေရော။ တစ်ဖက်ကလည်း ဒီလူသေမှုတွေက သမားရိုးကျမဟုတ်ဘူး လက်သည်တရားခံရှိတယ်ဆိုပြီး လာထောက်လှမ်း မယ့် ကမ္ဘာ့အတော်ဆုံး စုံထောက် လူထူလူဆန်း L ဆိုတာ ရောက်လာပြီး Kira နဲ့ အားပြိုင်ရင်း ဘယ်သူက အနိုင်ရသွားမလဲဆိုတာ ရင်တထိတ်ထိတ် ကြည့် ရမယ့် စီးရီးကောင်းလေး ဖြစ်ပါတယ်ဗျာ…။