စစ်ကောင်စီရဲတပ်ဖွဲ့အတွက် တရုတ်က ယွမ်ငါးသန်း ထောက်ပံ့တဲ့အကြောင်း
*******
သံလွင်ခက်
စက်တင်ဘာ ၁၂ ၊ ၂၀၂၄။
စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့အတွက် တရုတ်ယွမ် ငါးသန်းတန်ဖိုးရှိတဲ့ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်း အကူအညီပေးဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဆိုင်ရာဝန်ကြီး ဝမ်ရှောင်ဟုန်တို့ စက်တင်ဘာလ ၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ဖော်ပြပါတယ်။