TNLA ထိန်းထားတဲ့မြို့တွေမှာ နီးရာဓားကြောက်ရတဲ့ပြည်သူတွေ သူတို့ | ဗြုတ်စဗျင်းတောင်း သတင်းများ

TNLA ထိန်းထားတဲ့မြို့တွေမှာ
နီးရာဓားကြောက်ရတဲ့ပြည်သူတွေ
သူတို့သားသမီးတွေ ကျောင်းထားရင်
မူလတန်းအဆင့်တစ်ယောက်ကို တစ်သိန်း
အလယ်တန်းအဆင့်တစ်ယောက်ကို တစ်သိန်းခွဲ
အထက်တန်းအဆင့်တစ်ယောက်ကို နှစ်သိန်း
TNLA ရဲ့ပညာရေးကောင်စီကို ပေးရတယ်။

တစ်ခြားမြို့ကျောင်းမှာ သွားထားရင်လည်း
သွားထားတဲ့အိမ်ကို
TNLA ကစာရင်းမှတ်ထားတယ်
ဘာလုပ်ဖို့စာရင်းမှတ်တာလည်းတော့မသိရ။

အခုစာသင်တော့
သမိုင်းဘာသာရပ်ကို ဖြုတ်ထားတယ်
သမိုင်းဘာသာရပ် မသင်ပဲ ပညာရေးနဲ့မဆိုင်တဲ့
အခြားအကြောင်းတွေ သင်တယ် ဆိုလား။

ပြည်သူတွေကတော့
သူပုန်အုပ်ချုပ်တာကို မကြိုက်ပါဘူး
သူပုန်အုပ်ချုပ်နေတာကိုလည်း လက်မခံကြပါဘူး
သို့သော်လည်း သေနတ်ပြောင်းဝနဲ့အုပ်ချုပ်နေတော့ မပြောရဲအသံမထွက်ရဲ ငြိမ်နေရတယ်။

သူပုန်ထိန်းထားတဲ့မြို့တွေက
ပြည်သူတွေ ရင်ထဲမှာတော့
အရင်လို အစိုးရပြန်အုပ်ချုပ်မယ့်အချိန်
မြန်မြန် ပြန်ရောက်ပါစေလို့သာ
မျှော်လင့်နေကြတယ်။
ဗြုတ်စဗျင်းတောင်း သတင်းများ

ဗြုတ်စဗျင်းတောင်း သတင်းများ

@pkgyi
6.57K Subscribers
Cruelty Category