ရွေးကောက်ပွဲနီးလာတော့ ပြည်သူတွေကို တစ်ဖက်ကလော်ဘီတွေ ဝါဒမှိုင် | ဗြုတ်စဗျင်းတောင်း သတင်းများ
ရွေးကောက်ပွဲနီးလာတော့
ပြည်သူတွေကို တစ်ဖက်ကလော်ဘီတွေ
ဝါဒမှိုင်းဖြန့်တာက
ပြည်ခိုင်ဖြိုး(သို့) ကြံ့ခိုင်ရေးပါတီကိုဝင်ရင်
စစ်မှုထမ်းစရာမလိုဘူးဆိုတဲ့
တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ကြားထဲ
အမြင်စောင်းစေတဲ့သဘောမျိုးတွေ
တပ်မတော်နဲ့ပြည်ခိုင်ဖြိုးကို ရန်တိုက်ပေးတဲ့
ပြောဆိုရေးသားမှုတွေ လုပ်လာကြတာ
သတိထားမိပါတယ်။
ပြည်ခိုင်ဖြိုးပါတီဝင်တာပဲဖြစ်ဖြစ်
ပြည်ခိုင်ဖြိုးပါတီဝင်ပဲဖြစ်ဖြစ်
ဘယ်ပါတီဝင်ပဲဖြစ်ဖြစ်
နိုင်ငံရေးပါတီတစ်ခုခုရဲ့ ပါတီဝင်တစ်ဦးဖြစ်ဖြစ်
စစ်မှုထမ်း ကင်းလွတ်ခွင့်ရှိတယ်လို့
ပြဌာန်းထားတဲ့ ဥပဒေမရှိပါဘူး
(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းမပါသလို
စစ်မှုထမ်း ဥပဒေမှာလည်း မပါဘူး ထင်ပါတယ်။
နောက်ပြီး ပြည်ခိုင်ဖြိုးက
ဥပဒေစည်းမျဥ်းစည်းကမ်းတွေ
ဖောက်ဖျက်နေတဲ့ ပါတီမဟုတ်ပါဘူး
နိုင်ငံတော်ကထုတ်ပြန်တဲ့ဥပဒေကို ပြည်ခိုင်ဖြိုးက
ဆန့်ကျင်ကန့်လန့် တိုက်တာမျိုးလုပ်တဲ့
ပါတီမဟုတ်ပါဘူး။
ပြည်ခိုင်ဖြိုးပါတီဝင်တွေ
စစ်မှုထမ်းနေကြတာတွေရှိပါတယ်
စာရင်းသိချင်ရင် ပါတီဌာနချုပ်မှာ
လာရောက်မေးမြန်းစုံစမ်းလို့ရပါတယ်
ရမ်းသမ်းလျှောက်ပြော မနေကြပါနဲ့။
ကြံ့ခိုင်ရေးပါတီဝင်ရင်
စစ်မှုထမ်းစရာမလိုဘူးလို့ ပြောဆိုစည်းရုံးနေတာ
သက်သေအခိုင်အမာရှိရင် ပါတီဌာနချုပ်ကို
တိုင်ကြားလို့ရပါတယ် တိုင်ကြားပါ
အဲ့လို ပြောပြီးစည်းရုံးတဲ့လူကို
ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က
ထိထိရောက်ရောက် အရေးယူပါလိမ့်မယ်။
ဒီလိုပြောဆိုမှုတွေ
ပြည်ခိုင်ဖြိုး (သို့) ကြံ့ခိုင်ရေး က မပြောဘူးဆိုတာ
တပ်မတော်ဖက်ကလည်း သိပြီးပါ
တပ်မတော်က ပြည်ခိုင်ဖြိုး ကို
အထင်လွဲစေသော
ရန်တိုက်ပြောဆိုရေးသားမှုတွေဟာ
တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးကြား
ရည်ရွယ်ချက်ရှိရှိနဲ့ အောက်တန်းကျကျ
တိုက်ခိုက်နေတာပါ။