ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ် ကျွန်တော်တို့ နိုင်ငံအတွက် အနာ | ဗြုတ်စဗျင်းတောင်း သတင်းများ

ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်
ကျွန်တော်တို့ နိုင်ငံအတွက် အနာဂတ်
==========================

ဒီရက်ပိုင်း
ဒီဇင်ဘာလမှာပြုလုပ်မယ့်
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး
တပ်မတော်အုပ်ချုပ်တာကိုမကြိုက်လို့၊
လက်မခံနိုင့်လို့ အကြောင်းပြချက်နဲ့
စစ်အာဏာရှင်ကိုတိုက်ထုတ်နေကြတယ်ဆိုတဲ့
ခေါင်းစဥ်အောက်က အကြမ်းဖက်သမားတွေက
တောထဲကနေ ရွေးကောက်ပွဲက
ထွက်ပေါက်မဟုတ်ဘူး၊ထောင်ခြောက်၊
ရွေးကောက်ပွဲလုပ်လည်း
တော်လှန်ရေးကိုဆက်ချနေမယ် ဆိုပြီး
ဝါဒမှိုင်းတွေTikTokတို့YouTube တို့မှာ
Campaing တစ်ခုလို လုပ်လာကြတာ
တွေ့ရပါတယ်။

ကောင်းပြီ ဒါဆိုရင် မေးစရာရှိလာပြီ
အခုCRPH/NUG/PDF တွေ ဘယ်လိုပေါက်ဖွား
ဖြစ်ပေါ်လာလည်းဆိုတာကို အစပြန်ကောက်ရရင်
(၂၀၂၀)ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ
NLDတို့ ရှုံးမှာ ကြောက်တော့ ဥပဒေချိုးဖောက်ပြီး
ကလိမ်ကကျစ်မျိုးစုံနဲ့ မဲ(၁၁)သန်းကျော်ခိုးခဲ့တာ
မြန်မာတင်မက ကမ္ဘာသိနော်။မဲခိုးတဲ့ကိစ္စ
ဖြေရှင်းဖို့နိုင်ငံရေးပါတီတွေတောင်းဆိုခဲ့တယ်။
ဂရုမစိုက်ဘူး၊ဖြေရှင်းစရာမလိုဘူးဆိုပြီး
မဖြေရှင်းခဲ့ဘူး။အဲ့အချိန်ထိ တပ်မတော်ကဝင်မပါသေးဘူး။ မဲခိုးတဲ့ကိစ္စဖြေရှင်းပေးဖို့နိုင်ငံရေးပါတီတွေရဲ့ သုံးကြိမ်မကတောင်းဆိုမှုကို NLD တို့
လျစ်လျူရှုခဲ့လို့တပ်မတော်က အဲ့အချိန်မှစဝင်ပါတာ။

တပ်မတော် ဒီအတိုင်းဝင်ပါတာမဟုတ်ဘူးနော်။
မဲတွေစစ်ဆေးပြီး NLD မဲခိုးတာ သေချာတဲ့
သက်သေတွေခိုင်လုံပြီဆိုမှဝင်ပါခဲ့တာ။
တပ်မတော်ဘက်ကလည်း ဖြေရှင်းပေးဖို့
တစ်ခါနှစ်ခါတောင်းဆိုတာမဟုတ်ဘူးနော်၊
အကြိမ်ကြိမ်တောင်းဆိုခဲ့တာကို NLD တို့
ဂရုမစိုက်ခဲ့ဘူး။မဖြေရှင်းခဲ့ဘူး။
လွှတ်တော်ဇွတ်ခေါ်ပြီး အစိုးရဖွဲ့ဖို့ ကြံစည်ခဲ့တယ်။
ဥပဒေဘောင်ကျော်လွန်သွားလို့ တပ်မတော်က
(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အတိုင်း
နိုင်ငံတော်အာဏာကို ထိန်း ခဲ့တယ်။

တပ်မတော်အာဏာထိန်းရမလားဆိုပြီး
NLD အပေါင်းအပါတွေက ဆန္ဒတွေပြကြတယ်။
ဆန္ဒပြရာကနေတစ်ဆင့် CRPH/ NUG ဖြစ်လာပြီး
PDFဆိုတာကို မွေးထုတ်ခဲ့တယ်။
ခေါင်းစဥ်က စစ်အာဏာရှင် တော်လှန်ရေး။

နိုင်ငံကို တပ်မတော်အုပ်ချုပ်နေလို့
ခေါင်းစဥ်အတိုင်းစစ်အာဏာရှင်တော်လှန်ရေး ပေါ့။
တပ်မတော်အုပ်ချုပ်တာမကြိုက်လို့ တော်လှန်ရေး
ဆင်နွဲဲကြတယ်ပေါ့။တော်လှန်ရေးကြီး နှစ်ချီနေပြီ။
တပ်မတော်က နိုင်ငံကိုအုပ်ချုပ်နေဆဲပဲ။
တပ်မတော်အုပ်ချုပ်နေသမျှ တော်လှန်ရေး
ဆက်လုပ်နေမယ်ဆိုတဲ့သဘော။

ကဲဒါဆိုရင်အခု ရွေးကောက်ပွဲလုပ်ပြီး
ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွက်လာမယ်။
ရွေးကောက်ခံအစိုးရ နိုင်ငံကိုအုပ်ချုပ်မယ်။
တပ်မတော်အုပ်ချုပ်တာမဟုတ်တော့တဲ့အတွက်
စစ်အာဏာရှင်ကို တော်လှန်စရာမလိုတော့ဘူး။
ပွဲကပြီးပြီလေ။ NUG+PDF တွေ လုပ်နေတာက
တပ်မတော်အုပ်ချုပ်တာမကြိုက်လို့၊စစ်အာဏာရှင်ကိုမကြိုက်လို့ တော်လှန်ရေးလုပ်တာဆို။
ဒါကို ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူး၊
ထောင်ချောက်၊ရွေးကောက်ပွဲလုပ်လည်း တော်လှန်ရေးက ဆက်ချနေမှာပဲ ဘာညာတွေ
ဘာလို့ ပြောနေကြတာလည်း?
ရွေးကောက်ပွဲလုပ်ရွေးကောက်ခံအစိုးရ တစ်ရပ်
ပေါ်လာရင် နိုင်ငံကို တပ်မတော်အုပ်ချုပ်မှာမဟုတ်တော့ဘူးလေ။ဒါကို ထောင်ချောက် လို့ ဘာကြောင့်
ဝါဒမှိုင်းတွေ ဖြန့်နေကြတာလဲ?

အဖြေကရှင်းရှင်းလေးပါ
ပြည်သူတွေကို သူတို့ဝါဒမှိုင်းတိုက်ပြီးပြောနေတာက
တပ်မတော်အုပ်ချုပ်တာမကြိုက်လို့
တော်လှန်ရေးလုပ်တယ်ဆိုပြီး
တကယ်တော့တပ်မတော်ဆက်အုပ်ချုပ်စေချင်တာကလည်း သူတို့ပါပဲ။
ဒါမှ တော်လှန်ရေး ကိုဆက်အ​ကြောင်းပြပြီး
လုပ်စားလို့ရမှာလေ။ရွေးကောက်ခံအစိုးရပေါ်လာရင်
သူတို့ပြောတဲ့စစ်အာဏာရှင်ကိုတော်လှန်တယ်ဆိုတာ
မဖြစ်နိုင်တော့ဘူး။အရပ်စကားနဲ့ပြောရရင်အလုပ်ပြုတ်သွားပြီ။သူတို့အလုပ်မရှိတော့ဘူး။

ဒါကြောင့်သူတို့အလုပ်မပြုတ်အောင်
လူရှေ့မှာတပ်မတော်အုပ်ချုပ်တာ
မကြိုက်ဘူးလို့ပြောပြီး ရွေးကောက်ပွဲလုပ်မှာကို
မလိုလားတာလည်းသူတို့ပဲ။
နောက်ကွယ်မှာတော့ နိုင်ငံကိုတပ်မတော်ဆက်ပြီး
မအုပ်ချုပ်တော့မှာကို ကြောက်နေတာလဲ သူတို့ပဲ။
ဆက်အုပ်ချုပ်စေချင်တာလဲသူတို့ပဲ။
တပ်မတော်တစ်သက်လုံးအုပ်ချုပ်သွားရင်
သူတို့က ပိုတောင်ကြိုက်နေကြမှာ သေချာတယ်။
ကျွန်တော်ပြောတာ မှန်၏/မှား၏ မဆိုလိုပါဘူး
ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွက်လာမှာကို
သူတို့ ဘာကြောင့် မလိုလား ကြတာလည်း။
တွေးကြည့်ပေါ့။

ကျွန်တော့်ယူဆချက်ကတော့
ရွေးကောက်ပွဲသည်
ထွက်ပေါက် လည်းမဟုတ်ဘူး။
ထောင်ချောက် လည်းမဟုတ်ဘူး။
Elections are
The Future of Our Country
The Future for Our Country
ရွေးကောက်ပွဲသည်
ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်။
ကျွန်တော်တို့ နိုင်ငံအတွက် အနာဂတ် လို့
ယူဆမိပါတယ်။

#Kp