ဖျက်သိမ်းခံလိုက်ရတဲ့ ပါတီတွေနဲ့ပတ်သက်ပြီး ပွစိပွစိ အသံတွေ ကြာ | ဗြုတ်စဗျင်းတောင်း သတင်းများ

ဖျက်သိမ်းခံလိုက်ရတဲ့
ပါတီတွေနဲ့ပတ်သက်ပြီး
ပွစိပွစိ အသံတွေ ကြားနေရလို့
သိသလောက်လေး မျှဝေလိုက်ပါတယ်။

(၈-၉-၂၀၂၅) မနေ့က
ထုတ်ပြန်ကြော်ငြာထားတဲ့ရက်အတွင်း
သတ်မှတ်ချက်နဲ့မပြည့်စုံလို့ဖျက်သိမ်းခံလိုက်ရတဲ့

- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ကို
၂၀၂၃-နိုဝင်ဘာ(၂၃)ရက်နေ့က
ပါတီမှတ်ပုံတင်​ခြင်း ခွင့်ပြုခဲ့တယ်။

- အမျိုးသားဒီမိုကရက်တစ်ပါတီ(DNP)ကို
၂၀၂၃-ဇွန်လ (၉)ရက်နေ့က
ပါတီမှတ်ပုံတင်ခြင်း ခွင့်ပြုခဲ့တယ်။

- အမျိုးသမီးပါတီ(မွန်)ကို
၂၀၂၃-ဇွန်လ (၂၃)ရက်နေ့က
ပါတီမှတ်ပုံတင်ခြင်း ခွင့်ပြုခဲ့တယ်။

- ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ ကို ၂၀၂၄-နိုဝင်ဘာလ (၁၂)ရက်က
ပါတီမှတ်ပုံတင်ခြင်း ခွင့်ပြုခဲ့တယ်။

နိုင်ငံရေးပါတီတွေအနေနဲ့
တစ်နိုင်ငံလုံးစည်းရုံးဝင်ပြိုင်မယ့်ပါတီက
မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ
ရက်ပေါင်း(၉၀)အတွင်း
ပါတီဝင်အင်အား (၁၀၀၀)
ရွေးကောက်ပွဲ မကျင်းပမီ ရက်(၉၀)အလိုမှာ
ပါတီဝင်အင်အား (၅၀၀၀၀)
ပါတီရုံးခန်းက တစ်နိုင်ငံလုံးရှိမြို့နယ်များရဲ့
သုံးပုံတစ်ပုံ မှာရုံးခန်းဖွင့်နိုင်ရမယ်။
(ဥပမာ-တစ်နိုင်ငံလုံးမြို့နယ် ၃၃၀ ရှိရင်
မြို့နယ် ၁၁၀ မှာ ပါတီရုံးခန်းဖွင့်နိုင်ရမယ်)

တိုင်းဒေသကြီးနဲ့ပြည်နယ် မှာပဲ
စည်းရုံးဝင်ပြိုင်မယ့်ပါတီီက
မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစရက် (၉၀)အတွင်းပါတီဝင်အင်အား (၅၀၀)
ရွေးကောက်ပွဲ မကျင်းပမီ ရက်(၉၀)အလိုမှာ
ပါတီဝင်အင်အား (၁၀၀၀)နဲ့
ပါတီရုံးခန်းက တိုင်းဒေသကြီး/ပြည်နယ် အတွင်းရှိ
မြို့နယ်များထဲ အနည်းဆုံး (၅)မြို့နယ်မှာ
ပါတီရုံးခန်းဖွင်နိုင်ရမယ်။

နိုင်ငံရေးပါတီတွေ သတ်မှတ်ထားတဲ့
ပါတီဝင်အင်အား စာရင်းနဲ့ပါတီရုံးခန်းစာရင်းကို
(၇-၉-၂၀၂၅)ရက်နေ့ နောက်ဆုံးတင်ပြရမယ်လို့
အမိန့်ကြော် ငြာအမှတ် (၅၆/၂၀၂၅)နဲ့
၂၀၂၅-ဩဂုတ်လ (၂၀)ရက်နေ့ က
ရွေး/ကော် ထုတ်ပြန်ခဲ့တယ်။

ပါတီတွေအနေနဲ့လည်း
ပါတီနဲ့သက်ဆိုင်တဲ့ဥပဒေတွေကို သိရှိနားလည်
လိုက်နာရမယ်ဆိုတာ သဘောတူလက်ခံပြီးမှ
ပါတီအဖြစ် မှတ်ပုံတင်ခဲ့ကြတာပါ။

အခု ဖျက်သိမ်းခံလိုက်ရတဲ့ (၄)ပါတီက
ရာဇဝတ်မှုကျုးလွန်လို့ မဟုတ်ပါဘူး
ဘယ်သူ့ပယောဂမှလည်း မပါပါဘူး
သတ်မှတ်ရင် အတွင်း
ပါတီဝင်အင်အားနဲ့ပါတီရုံးခန်းစာရင်း
တင်ပြနိုင်ခြင်း မရှိလို့
ဥပဒေပါ ပြဌာန်းချက်အတိုင်း
ဥပဒေနဲ့အညီပယ်ဖျက်/ဖျက်သိမ်း လိုက်တာပါ။