DKBA အဖွဲ့ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စက်တင်ဘာ (၁၁)ရက်နေ့ကထု | ဗြုတ်စဗျင်းတောင်း သတင်းများ

DKBA အဖွဲ့ရဲ့
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး
စက်တင်ဘာ (၁၁)ရက်နေ့ကထုတ်ပြန်ခဲ့တဲ့
သဘောထားထုတ်ပြန်ကြေညာချက်မှာ
ရွေးကောက်ပွဲသည်နိုင်ငံ့အနာဂတ်အတွက်
ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်ခြင်းဖြစ်၍
DKBA မှ ပြည်သူ့ကိုအတတ်နိင်ဆုံး
ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

DKBA စစ်ရေးဦးစီးချုပ်
ဗိုလ်မှူးကြီးစောစိန်ဝင်းကကလည်း-
- လက်ရှီနိုင်ငံရေးအခြေအနေကိုကြည့်ရင်
လက်နက်နဲ့ဖြေရှင်းဖို့မဖြစ်နိုင်ဘူး။သူနိုင်လိုက်
ကိုယ်နိုင်လိုက်နဲ့ လူထုတွေပဲထိခိုက်တယ်။
လက်နက်နဲ့မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးပြီး
အဖြေရှာတာက အကောင်းဆုံးလို့မြင်တယ်။
လူထုကမဲသွားပေးချင်တယ်ဆိုရင် ကျွန်တော်တို့မနှောက်ယှက်ဘူး။သူတို့သဘောဆန္ဒအတိုင်းပဲ။
ဒါကအာဏာရှင်ကို ထောက်ခံတာ
မဟုတ်ဘူး လို့ပြောဆိုခဲ့ကြောင်းသိရပါတယ်။

DKBA အဖွဲ့ရဲ့ စိတ်ဓာတ်ကို
လေးစားမိပါတယ်
ကျန်တဲ့တစ်ခြား အဖွဲ့အစည်းတွေလည်း
DKBA လိုစိတ်ထားလေး ထားခဲ့ကြရင်
ကျွန်တော်တို့ ​နိုင်ငံကြီး အမြန်ငြိမ်းချမ်းနိုင်မယ်လို့ယူဆမိပါတယ်။