အနာဂတ်အတွက် ရုန်းထွက်ခဲ့ ==================== လာမယ့် ဒီဇင်ဘာလ | ဗြုတ်စဗျင်းတောင်း သတင်းများ
အနာဂတ်အတွက် ရုန်းထွက်ခဲ့
====================
လာမယ့် ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ
ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲက
ရွေးကောက်ပွဲအတု လို့ပြောကြတယ်
ဘာလို့ အတုအယောင်ရွေးကောက်ပွဲလို့
ပြောကြတာလည်း တပ်မတော်ကပြုလုပ်ပေးလို့။
ဘယ်သူတွေပြောကြတာလည်း
လက်ရှိအစိုးရကိုပုန်ကန်နေတဲ့ အဖွဲ့တွေကပဲ
ပြောကြတာပါ။
ဘယ်နိုင်ငံတွေကတပ်မတော်လုပ်ပေးမယ့်
ရွေးကောက်ပွဲက အတုကြီးလို့ ပြောနေကြလည်း
ပြောသံမကြားရသလို ရွေးကောက်ပွဲအောင်မြင်
ဖို့ တတ်နိုင်သမျှ ကူညီပေးကြဖို့ပဲ ပြောကြပါတယ်။
ကောင်းပြီ တပ်မတော်လုပ်ပေးတဲ့
ရွေးကောက်ပွဲမို့ ရွေးကောက်ပွဲအတုလို့ပြောကြတယ်
ဒါဆိုရင် ဒီမိုကရေစီဆိုတာ
ဖြူလား၊ဝါလား၊ပြာလား၊ချိုလား၊ခါးလား၊
ငန်လား၊စပ်လား၊ချဥ်လား၊ပြုတ်စားရတာလား၊ကျော်စားရတာလား ဘားလားညာလား ဘာမှန်းဂဃနဏ
မသိသေးတဲ့ နိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်ကို(၂၀၁၀)မှာရွေးကောက်ပွဲလုပ်ပေးပြီး ကူးပြောင်းပေးခဲ့တာ ဘယ်သူလည်း
တပ်မတောာ်ပဲမဟုတ်ဘူးလား အဲ့တာကော ရွေးကောက်ပွဲအတုကြီးလား။
ကြားဖြတ်တွေမပါ ရွေးကောက်ပွဲကြီးတွေက
(၂၀၁၀)မှာ တပ်မတော်ကပြုလုပ် ပေးခဲ့တယ်
ပြဿနာမရှိဘူး အေးအေးဆေးဆေး။
(၂၀၁၅) မှာရွေးကောက်ခံခဲ့ရတဲ့အစိုးရက
ပြုလုပ်ပေးခဲ့တယ်။ ပြဿနာမရှိဘူး လွှဲပြောင်း
ပေးခဲ့တယ်။
(၂၀၂၀)မှာ ရွေးကောက်ခံအစိုးရ ပြုလုပ်ပေးခဲ့တယ်။ မဲ (၁၁)သန်းကျော်ခိုးခဲ့ပြီး ပြဿနာ
အကြီးအကျယ်ဖြစ်ခဲ့တယ်။မအေးဆေးခဲ့ဘူး။
အခု(၂၀၂၅)မှာ တပ်မတော်က
ရွေးကောက်ပွဲ ပြန်လုပ်ပေးတယ် အတုကြီးတဲ့။
ဒါဆိုရင် အစစ်ကဘာလည်း ဘယ်သူလုပ်ပေးမှ
အစစ်လို့သတ်မှတ်တာလည်း။
ကမ္ဘာနိုင်ငံတွေကကော အတု/အစစ်ဆိုပြီး
ရွေးကောက်ပွဲတိုင်းကို ပြောခဲ့လို့လား။
ကဲထားပါ ဒါဆိုရင် ရွေးကောက်ပွဲအစစ်က
NUG လုပ်ပေးမှ အစစ်ဖြစ်မှာလား
ကမ္ဘာ့နိုင်ငံတွေကကော NUG လုပ်ပေးတဲ့
ရွေးကောက်ပွဲမှ အစစ်ဖြစ်တယ်လို့ ပြောကြလား
ဒါဆိုရင် လုပ်လေ NUG လုပ်ပေးတဲ့
ရွေးကောက်ပွဲက အစစ်ဟုတ်ပြီ လက်ခံပေးတယ်
NUG လုပ်လေ ဘယ်တော့လုပ်မှာလည်
မြန်လေကောင်းလေပဲလုပ်ကောလုပ်နိုင်လို့လား
ကိုယ်တောင်သူများနိုင်ငံကပ်နေလိုက်၊တောထဲပြန်နေလိုက် လုပ်နေရတဲ့ ကပ်ပါးကောင်ဘဝ
ဒါကိုရွေးကောက်ပွဲ အတုလို့ ထပြောနေကြသေးတယ်။
NUG လုပ်ပေးမှ ရွေးကောက်ပွဲက
အစစ်ဖြစ်တယ်ဆိုရင်ဒီတစ်သက်မဟုတ်ဘူး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။လုပ်ချင်ရင်တော့
ကိုယ်ကပ်နေနေရတဲ့နေရာတွေမှာ
ကိုယ့်လူတွေနဲ့ပဲ ရွေးကောက်ပွဲအစစ်လုပ်ကြပေါ့။
ပြည်သူတွေကလည်း
နေစရာဘုံပျောက်လို့
ခွက်ခေါက်နေရတဲ့ပုန်ကန်နေကြသူလူတစ်စုရဲ့
စကားတွေအောက်မှာ ဘဝတွေကြောက်ပြီး
အနာဂတ်တွေ ပျောက်ဆုံးခံမနေကြပါနဲ့
ရုန်းထွက်ခဲ့ကြပါတော့။