Madharasi ( 2025 )
Channel
https://t.me/+qbz1WPyp8tAwMzk9
ဇာတ်လမ်းအညွှန်းအခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ရုံတင်ငွေစုစုပေါင်း ကုဋေတစ်ရာခန့်အမြတ်ထွက်ခဲ့တဲ့ တမီလ်စကားပြော တောင်ပိုင်းအက်ရှင်ကားကောင်းလေးပါပဲ။
Hero, Amaran တို့လို အက်ရှင်ကားတွေနဲ့ အစွမ်းပြပြီးသား ဖိုက်တင် မင်းသား ဆီဗာကာသီက ဦးဆောင်ပါဝင်ထားပြီး တက်သစ်စမင်းသမီးချောလေး ဗာဆန့်သ်က တွဲဖက်သရုပ်ဆောင်ထားပါ တယ်။
တောင်ပိုင်းကား ပီပီသသ ကြမ်းတမ်းအသက်ပါတဲ့ အပစ်အခတ်အက်ရှင် ခန်းအစုံ ပါဝင်ပြီး အဓိကဇာတ်ကောင်ကလည်း စိတ်ဝေဒနာအသေးစားလေးစွဲကပ်နေတဲ့ ဇာတ်ကောင်အဖြစ် ဖော်ပြထားတော့ ဇာတ်လမ်းဇာတ်အိမ်လည်း စိတ်လှုပ်ရှားရင်ခုန်ဖွယ်ရာ ဇာတ်ကားကောင်း လေးအဖြစ် တွေ့မြင်ရမှာပါ။
အဓိကဇာတ်ကောင် ရာဂူဟာ Fregoli Delusion ဆိုတဲ့ စိတ်ဝေဒနာခံစား နေရတာပါ သူစိမ်းတွေကို မိသားစုအရင်းလိုဖက်တွယ်တတ်ပြီး အသေခံလိုက်ကယ်ပေးချင်တဲ့ ရောဂါတစ်မျိုးပါ။
ဒီလို လူစွမ်းကောင်းရောဂါပိုင်ရှင်နဲ့ အသေခံစစ်ဆင်ရေးတစ်ခု ဆင်နွှဲရမယ့် NIA အရာရှိ ပရီမန့်သ်တို့ တွေ့ဆုံ ကြတဲ့အခါမှာတော့.... မစ်ရှင်ပဲအောင်မြင်သွားမလား စိတ္တဇစစ်သည်တော်ကြောင့် NIA တစ်ဖွဲ့ လုံးပဲ ကျရှုံးသွားမလားဆိုတာ ပရိသတ်ကြီးကပဲ ဆက်လက်အဖြေရှာနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။