Get Mystery Box with random crypto!

နစက ဥက္ကဋ္ဌကိုလိပ်မူပြီးပို့လိုက်တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် | ဗြုတ်စဗျင်းတောင်း သတင်းများ

နစက ဥက္ကဋ္ဌကိုလိပ်မူပြီးပို့လိုက်တဲ့
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့
ကုန်သွယ်ရေးသဝဏ်လွှာဂယက်ဟိုဖက်ရပ်ကွက်မှာ
ဆူညံပွက်လောရိုက်နေပါလား

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က
နစကဥက္ကဋ္ဌကို လိပ်မူရမလား
နစကအစိုးရ ကိုအသိအမှတ်ပြုရကောင်းမလား
ဘာညာကွိကွနဲ့ဟိုဖက်ရပ်ကွက်မှာ
ကလယ်သိုက်ကျားဝင်ကိုက်သလို
အသံတွေ ဆူညံနေတာပဲ

ဟိုဖက်ရပ်ကွက်က
အသံတွေ ဆူညံနေလို့ဘာမှထူးမလာပါဘူး
အဖြေကရှင်းရှင်းလေးပါ
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဒေါ်စုဦးဆောင်တဲ့
NLDဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ
NLD ပီပီကလိမ်ကကျစ်လုပ်ပြီး
ကမ္ဘာကျော်အောင်မဲ (၁၁)သန်းကျော်
ခိုးခဲ့သူမဲသူခိုးအကြီးစား ဖြစ်ကြောင်းနဲ့
မဲသူခိုးNLD က အကြမ်းဖက်PDF တွေကို
မွေးထုတ်ပြီးမြန်မာနိုင်ငံမှာ
ဆူပူအကြမ်းဖက်လုပ်ရပ်တွေ
လုပ်နေကြတယ်ဆိုတဲ့ အမှန်တရားကို
အမေရိကန်သမ္မတ သိမြင်လက်ခံလို့
နစကအစိုးရကိုလိပ်မူပြီး
ကုန်သွယ်ရေးသဝဏ်လွှာပို့တဲ့သဘောပါပဲ။

အခွန်တိုးကောက်လို့
နှစ်နိုင်ငံ အပြန်အလှန်
ကုန်သွယ်တာမသွယ်တာ အပထား
ဘာပြောပြော ဒါဟာ နစကအစိုးရရဲ့
အောင်မြင်မှုတစ်ခုလို့ မှတ်ချက်ပြုနိုင်သလို
CRPH/NUGနဲ့ PDF တွေရဲ့နေဝင်ချိန
နီးကပ်လာပြီလိုလည်း မှတ်ချက်ပေးနိုင်ပါတယ်။