နွားထိုးကြီးသတင်း ============= နွားထိုးကြီးမြို့၊အမှတ်(၅)ရပ် | ဗြုတ်စဗျင်းတောင်း သတင်းများ
နွားထိုးကြီးသတင်း
=============
နွားထိုးကြီးမြို့၊အမှတ်(၅)ရပ်ကွက်
အရှေ့ပိုင်းရှိ အထက်တန်းကျောင်းဝင်းအတွင်းတွင် နွားထိုးကြီးအကြမ်းဖက်
PDF တပ်ရင်း (၄/၁၀)မှ ခေါင်းဆောင်
စိုးအောင် ဦးဆောင်သော အင်အား
(၁၀၀)ခန့်သည် မြို့နယ်ပညာရေးမှုးရုံး
နှင့်ကျောင်းအဝင်ပေါက် ညာဘက်ဘေး အဆောက်အဦး၌ ညအိပ်အခြေပြုစခန်းပြုလုပ်ထားပြီး ကျောင်းအဝင်ဝ တည့်တည့်တွင် သဲအိတ်ဘန်ကာတစ်ခုနှင့်ကျောင်းအတွင်းမှ စာသင်ခုံများဖြင့် ဘယ်ရီဂိတ်(စစ်ဆေးရေးဂိတ်)ပြုလုပ်ထားကြောင်း၊
ပညာရေးမှုးရုံးရှေ့ထနောင်းပင်အောက်တွင် သဲအိပ်ဘန်ကာတစ်ခုနှင့်ဘယ်ရီဂိတ်တစ်ခု ပြုလုပ်ထားပြီး မြိုအရှေ့ဘက်အထွက် မြင်းခြံ-မန္တလေးသွားကားလမ်းမကြီးဘေး ထန်းဇင်ရွာ၏အရှေ့ဘက် လူမနေသော တိုက်အိမ်တစ်လုံးတွင် စိုးအောင်၏ တပည့်တစ်ဦး ခေါင်းဆောင်သည့် အကြမ်းဖက် PDF အင်အား(၅၀)ခန့် ညအိပ်စခန်းပြုလုပ်ထားကြောင်း၊
၎င်းတိုက်အနီး အနောက်ဘက်နားတွင်
PDF ဂိတ်တစ်ခု၊မြို့တောင်ဘက်ပိုင်း ရပ်ကွက်(၆)အဝင်ဝတွင် ဘန်ကာနှင့်ပစ်ကျင်းများပြုလုပ်ထားသော PDF ဂိတ်တစ်ခုနှင့်ရပ်ကွက်တောင်ပိုင်းနေရာ(၃)နေရာတွင် ကျောက်ဆည်ဇာတိသား စောဦး ခေါင်းဆောင်သောအကြမ်းဖက် PDF အင်အား (၁၅၀)ခန့်သည် အဓိ က ညအိပ်အခြေပြုစခန်း အခိုင်အ မာပြုလုပ်ထားကြောင်း၊
၎င်းနေရာများတွင်
ဖမ်းဆီးခံထားရသောသူ များ(၅၀)ဦးခန့်ရှိကြောင်း၊
၎င်းတို့ ညအိပ်စခန်းများတွင်
ပစ်ကျင်းများ၊ဘန်ကာများ၊ဆက်သွယ်ရေးမြောင်းများ၊ဗုံးခိုကျင်းများ ပြုလုပ်ထားကြောင်း၊
၎င်းအပြင် ကားပေါ်တွင်စက်သေနတ်တင်၍ ညတိုင်း ကင်းလှည့်ပတ်လျက်ရှိကြောင်း၊
မြို့နယ်အတွင်းရွာများအားလုံး(၁၈၈)ရွာတွင် အကြမ်းဖက် PDF များမှ (ပ)သုံးလုံးအဖွဲ့များဖွဲ့၍ စိုးမိုးစီမံအုပ်ချုပ်လျှက်ရှိပြီး မြို့နယ်အတွင်းရှိ (ထက်၊လယ်၊မူ)ကျောင်းများအားလုံး မဖွင့်နှိုင်ဘဲ ပိတ်ထားရကြောင်း၊
မြို့ပေါ်တွင်လည်း ပြည်ခိုင်ဖြိုးပါတီရုံးအပါအဝင် ကျောင်းများ၊ဆေးရုံ၊ထွေအုပ်ရုံး၊တရားရုံး၊စည်ပင်ရုံး၊ဘဏ်များ၊လဝကရုံး၊မီးသတ်ရုံးများအပါအဝင် ဌာနဆိုင်ရာရုံးများအားလုံး ပိတ်ထားရကြောင်း၊
၎င်းရုံးဆောက်အဦးများအတွင်းရှိ အရေးကြီးစာရွက်စာ တမ်းများ၊ကွန်ပျူတာများ၊ကားများ၊စက်ယန္တရားများ၊မီးသတ်ကားများ၊မြေတူးမြေကော်စက်များ၊ထွန်စက်များ၊မီးစက်များအားလုံး အကြမ်းဖက် PDF များမှ ဖေါက်ထွင်း ယူဆောင်သွားကြပြီး ၎င်းတို့အတွက် အသုံးမဝင်သောပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားကြောင်း၊
နွားထိုးကြီးတစ်မြို့နယ်လုံးရှိ ဆက်သွယ်ရေးတာဝါတိုင်များ အားလုံးဖျက်ဆီးခံထားရကြောင်း၊
လျှပ်စစ် မီးပြတ်တောက်လျှက်ရှိသည်မှာ တစ်နှစ်ခန့်ရှိပြီး၊မီးတိုင်များပေါ်ရှိ လျှပ်စစ်မီး မိန်းကြိုးကြီးများအား လုံး ဖြုတ်ယူခံထားရကြောင်း။
(တာဝန်ရှိသူများသိရှိနိုင်ပါရန်)
အောက်တွင် မြေပုံညွှန်းဖော်ပြထားပါသည်